သီချင်းလေးသက်သေ

သာယာချိုမြိန်ပါစေ သူစိတ်မှာ
ကိုယ်လေရည်ရွယ်ပါတယ် သူတစ်ယောက်သာ
ရင်မှာဆိုနေမယ် သီချင်းလေးများနားဆင်ပါ
အကြင်နာတွေဟာ သီချင်းလေးတစ်ပုဒ်ပေါ့ နားလည်မလား

ဂုဏ်တွေငွေတွေ အခြေအနေမရှိသောအခါ
ကိုယ်လေပိုင်ဆိုင်ပါတယ် အချစ်များသာ
နွေလိုပူလောင်ပါတယ် တို့ဘဝထဲ လိုက်လာမလား
မခေါ်ချင်တာဟာ တို့ရဲ့အချစ်ပေါ့ နားလည်မလား

နေရောင်ခြည်မှာ မဖူးပွင့်အပ်ရာ ငွေကြာဖြူပါလား
ညှိုးနွမ်းသွားဖို့ ကိုယ် မပိုင်ဆိုင်ရက်ဘူးကွာ
သော်တာရောင်ခြည် အေးရိပ်အောက်မှာ
ပျော်ပျော်နေပါလား
ချစ်နေလျက်များ စွန့်နိုင်ခဲ့သား
ဆုံးရှုံးမှုနဲ့ အနိုင်ယူခွင့်ပေးပါ

တွယ်တာတာတွေ ဘယ်လိုဆိုရမလား
ကိုယ်လေဘာဘာညာညာ မငိုတတ်ပါ
သူဟာပျော်မယ်ဆိုရင် စွန့်လွှတ်ရဲတဲ့ ချစ်သူပါ
အကြင်နာတွေကို သီချင်းလေးတစ်ပုဒ်နဲ့ သက်သေထား

Chansons les plus populaires [artist_preposition] Alex

Autres artistes de Sertanejo